top of page
Search

ကွင်းသစ်တည်ဆောက်ဖြစ်ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းကိုမဖြိုဖျက်ဘဲ ပရိသတ် ၃၀၀၀၀ အထိလျှော့ချ၍ အမျိုးသမီးနှင့် အကယ်ဒမီအသင်းအတွက် ဆက်လက်အသုံးပြုရန် မန်ယူအသင်း စီစဉ်ထား



မန်ယူအသင်းအနေဖြင့် ကွင်းသစ်တည်ဆောက်ဖြစ်ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းကိုမဖြိုဖျက်ဘဲ ပရိသတ် ၃၀၀၀၀ အထိလျှော့ချ၍ အမျိုးသမီးနှင့် အကယ်ဒမီအသင်းအတွက် ဆက်လက်အသုံးပြုရန် စီစဉ်ထားကြောင်း ဗြိတိန်သတင်းဌာနများ၏ဖော်ပြမှုအရ သိရသည်။မန်ယူအသင်း ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် အိုးလ်ထရက်ဖို့ဒ်ဧရိယာတွင် ပရိသတ်တစ်သိန်းဝင်ဆံ့သည့် ကွင်းသစ်စီမံကိန်းတည်ဆောက်ရန် အဆိုပြုတင်ပြထားပြီး ပေါင်နှစ်ဘီလျံအထိ ကုန်ကျမည်ဖြစ်သည်။'' မြောက်ပိုင်း၏ ဝင်ဘလေကွင်း'' ဟု ညွှန်းဆိုထားသည့် အဆိုပါကွင်းသစ်စီမံကိန်းအစီအစဉ်ကို ဒီဇင်ဘာတွင် ဆုံးဖြတ်ရန် ဆာဂျင်ရက်ကလစ်ဖ်က ဆန္ဒရှိနေပြီး ပရိသတ်အစုအဖွဲ့များနှင့်လည်း ဆွေးနွေးမည်ဖြစ်သည်။ကွင်းသစ်စီမံကိန်းမှာ ခြောက်နှစ်ကြာမြင့်မည်ဟု မျှော်မှန်းထားပြီး စီမံကိန်းပြီးဆုံးမည့်အချိန်အထိ အိုးလ်ထရက်ဖို့ဒ်ကွင်းကိုသာ ဆက်လက်အသုံးပြုရန်စီစဉ်ထားသည်။ထို့ပြင် မန်ယူအသင်းအနေဖြင့် ကွင်းသစ်တည်ဆောက်ဖြစ်ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းကို မဖြိုဖျက်ဘဲ ပရိသတ် ၃၀၀၀၀ အထိ လျှော့ချ၍ အမျိုးသမီးအသင်းနှင့် အကယ်ဒမီအသင်း၏ ပွဲစဉ်များအတွက် အသုံးပြုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။မန်ယူအမျိုးသမီးအသင်းသည် အိမ်ကွင်းပွဲစဉ်များကို အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် ၁၅ မိုင်အကွာရှိ ပရိသတ် ၁၂၀၀၀ ဝင်ဆံ့သည့် Leigh Sports Village ကွင်းကို အသုံးပြုလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ရာသီ အမျိုးသမီးစူပါလိဂ်ရာသီအဖွင့်ပွဲအပါအဝင် ပွဲစဉ်သုံးပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ လက်ခံကျင်းပမည် ဖြစ်သည်။အိုးလ်ထရက်ဖို့ဒ်ကွင်းကို ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၁၄ နှစ်ရှိပြီဖြစ်သည်။ယင်းကွင်းကို ၁၉၄၁၊ ၁၉၄၆-၁၉၄၉၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၇၃၊ ၁၉၉၅-၁၉၉၆၊ ၂၀၀၀၊ ၂၀၀၆ ခုနှစ်တွင် အဆင့်မြှင့်တင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ပရိသတ် ၇၄၃၁၀ ဦး ဝင်ဆံ့ကြောင်း သိရသည်။အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကလပ်အသင်းဘောလုံးကွင်းများအနက် အကြီးဆုံးဖြစ်သလို လန်ဒန်မြို့ရှိ ဝင်ဘလေ ကွင်း (၉၀ç၀၀၀ ဦး) ပြီးလျှင် ဒုတိယအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်၌ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်၊ ဆာမတ်ဘတ်စ်ဘီ၊ ဂန္ထဝင်ကစားသမား ဂျော့ချ်ဘတ်စ်၊ ဒင်းနစ်လော၊ ဘော်ဘီချာလ်တန်တို့၏ ပုံတူရုပ်တုများအပြင် မြူးနစ်ဖြစ်ရပ်ဆိုးအထိမ်းအမှတ် နာရီစင်တို့လည်းရှိနေကြောင်း သိရသည်။

1 view0 comments

Commentaires


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page