top of page
Search

ချယ်လ်ဆီးအသင်းပိုင်ရှင်များအကြား အားပြိုင်မှုရှိနေပြီး Clearlake Capital ၏ရှယ်ယာများကိုဝယ်ယူ၍ တစ်ဦးတည်းပိုင်အဖြစ် ရပ်တည်ရန် တော့ဒ်ဘိုလီ စီစဉ်နေ


ချယ်လ်ဆီးအသင်းပိုင်ရှင်များအကြားတွင် အားပြိုင်မှုများရှိနေပြီး ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သော တော့ဒ်ဘိုလီ သည် Clearlake Capital ၏ ရှယ်ယာများကို ဝယ်ယူ၍ တစ်ဦးတည်းပိုင်အဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်း သိရသည်။

အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီ၊ မာ့ခ်ဝယ်လ်တာ၊ ဆွစ်ဘီလျံနာ ဟန်းစ်ယာဗစ် နှင့် Clearlake Capital တို့ ဖွဲ့စည်းထားသည့် BlueCo လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီးအသင်းကို ပေါင် (၄.၂၅) ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ ၎င်းတို့အနက် အီရန်-အမေရိကန်ဘီလျံနာ ဘယ်ဒါအစ်ဘာလီနှင့် ပွါတိုရီကိုဘီလျံနာ ဟိုဆေးဖီလီစီယာနိုတို့ဦးဆောင်သည့် Clearlake Capital က ချယ်လ်ဆီးအသင်း၏ရှယ်ယာ (၆၁.၅) ရာခိုင်နှုန်း အထိပိုင်ဆိုင်ပြီး တော့ဒ်ဘိုလီအပါအဝင် ကျန်နှစ်ဦးက ရှယ်ယာ (၃၈.၅) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ 

The Telegraph သတင်းဌာန၏ဖော်ပြမှုအရ တော့ဒ်ဘိုလီနှင့် Clearlake Capital တို့အကြား ဆက်ဆံရေးပြိုကွဲကာ အားပြိုင်မှုများရှိနေပြီး ချယ်လ်ဆီးအသင်းအား အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် ရှယ်ယာများကို အပြန်အလှန်ဝယ်ယူရန် နှစ်ဦးနှစ်ဖက်စလုံးက ကြိုးပမ်းနေကြောင်းလည်း သိရသည်။ Clearlake Capital မှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် လက်ကျန် ရှယ်ယာများအတွက် ပေါင် (၁.၅) ဘီလီယံသာ ထပ်မံရင်း နှီးမြှုပ်နှံရဖွယ်ရှိပြီး တော့ဒ်ဘိုလီမှာမူ ပေါင် (၂.၅) ဘီလီယံ အထိ ကုန်ကျဖွယ်ရှိနေသည်။ 

လက်ရှိအချိန်၌ အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တော့ဒ်ဘိုလီက အဆိုပါငွေကြေးပမာဏကို ထပ်မံရင်းနှီးမြှုပ်နှံရန် အသင့်ရှိနေသည့်အတွက် Clearlake Capital ၏ ရှယ်ယာများကို အမြန်ဆုံးဝယ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းတို့အကြား သဘောထားကွဲလွဲမှုမှာ ချယ်လ်ဆီးအသင်း၏ အနာဂတ်ဦးတည်ချက်နှင့် ပတ်သက်နေသည်ဟုလည်း The Telegraph က ဖော်ပြခဲ့သည်။ ထို့ပြင် ပိုချက်တီနိုကို နည်းပြရာထူးမှ ထုတ်ပယ်၍ မာရက်စကာအား အစားထိုးခန့်အပ်ခဲ့ရာ၌ တော့ဒ်ဘိုလီနှင့် Clearlake Capital ၏ ဦးဆောင်သူ ဘယ်ဒါအစ်ဘာလီတို့အကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ တော့ဒ်ဘိုလီက ပိုချက်တီနိုကို ဆက်လက်ခန့်အပ်ထားရန် ဆန္ဒရှိခဲ့သော်လည်း ဘယ်ဒါအစ်ဘာလီက နည်းပြအပြောင်းအလဲပြုလုပ်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ပူးတွဲပိုင်ဆိုင်မှု သဘောတူညီချက်အရ ရှုပ်ထွေးမှုများရှိနေပြီး ၎င်းတို့အနေဖြင့် ရှယ်ယာများကိုရောင်းချရန် ကြိုးပမ်းလျှင် အခြားတစ်ဦးက ပမာဏတူဖြင့် ကမ်းလှမ်းခွင့်ရှိသလို တတိယအုပ်စုထံ ရောင်းချမှုကို ကန့်ကွက်ခွင့်ရှိကြောင်း သိရသည်။ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ကိုလည်း အသင်းပိုင်ရှင်များ (၅)နှစ်စီ အလှည့်ကျတာဝန်ယူရန် သဘောတူညီထားပြီး ၂၀၂၇ ခုနှစ်တွင် Clearlake Capital က တာဝန်ယူခွင့်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်အပြောင်းအလဲမှာ ၂၀၂၇ ခုနှစ်မတိုင်မီ ဖြစ်ပေါ်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်သစ်များလက်ထက် အပြောင်းအရွှေ့ကာလ (၅)ခုအတွင်း ကစားသမား ခေါ်ယူမှုအတွက် ပေါင်တစ်ဘီလီယံကျော်အထိ သုံးစွဲထားသည်။

3 views0 comments

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page