top of page
Search

ဆာမူအိုမိုရိုဒီယွန်နှင့် အပြောင်းအရွှေ့ပျယ်ပြယ်ရန် နီးစပ်လာခဲ့ပြီးနောက် ဂျော်အိုဖေးလစ်အတွက် ချယ်လ်ဆီးနှင့် အက်သလက်တီကို ဆက်လက်ဆွေးနွေးနေ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 13, 2024
  • 1 min read


ချယ်လ်ဆီးအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဆာမူအိုမိုရိုဒီယွန်နှင့် အပြောင်းအရွှေ့ပျက်ပြယ်ရန် နီးစပ်လာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား တစ်ဦးပင်ဖြစ်သည့် ဂျော်အိုဖေးလစ်ကို ခေါ်ယူရန်အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ဆက်လက်ဆွေးနွေးနေသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ဆာမူအိုမိုရိုဒီယွန်အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းထံသို့ ပေါင် (၃၄.၅) သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့ရာတွင် အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း သဘောတူခဲ့သဖြင့် ယင်းအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာရန် နီးစပ်ခဲ့သည်။

ကစားသမားနှင့်လည်း (၇)နှစ်စာချုပ်ချုပ်ဆိုပြီး နောက်ထပ်အပိုတစ်နှစ်သက်တမ်းတိုးခွင့်အတွက် သဘောတူညီမှုရရှိခဲ့ရာ အပြောင်းအရွှေ့မှာ ပြီးပြတ်ရန် သေချာသလောက်ရှိခဲ့ပြီးမှ ကစားသမားနှင့် အခြားဆွေးနွေးမှုများတွင် အထစ်အငေါ့ရှိနေသဖြင့် ချယ်လ်ဆီးအသင်းက ကစားသမားအား ခေါ်ယူရန်အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာမူ မန်စီးတီးအသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဟူလီယန်အယ်လ်ဗာရက်ဇ်၊ ချယ်လ်ဆီးအသင်း၏ကွင်းလယ်လူ ကော်နာဂယ်လက်ဂါတို့အပါအဝင် အပြောင်းအရွှေ့အသုံးစရိိတ် စုစုပေါင်း ယူရိုသန်း (၂၀၀)အထိ သုံးစွဲထားရာ ကစားသမားရောင်းချမှုမှ ငွေကြေးပြန်လည်ရရှိရန် လိုအပ်နေပြီး ဘဏ္ဍာရေးကိုချိန်ညှိရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

ယင်းအပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းက အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ချိန်တွင် ချယ်လ်ဆီးအသင်းကလည်း အသင်း၏အခြားတောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဂျော်အိုဖေးလစ်ကို အသင်းအတွက် ခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းလည်းဖြစ်သည်။

ဖေးလစ်သည် ယခင်ကလည်း ချယ်လ်ဆီးအသင်းတွင် အငှားဖြင့်လာရောက်ကစားခဲ့ဖူးပြီး ချယ်လ်ဆီးအသင်းကသာ ကမ်းလှမ်းပါက လက်ခံဖွယ်ရှိနေသူဖြစ်သည်။

သူသည် ချယ်လ်ဆီးအသင်းတွင် အငှားဖြင့်လာရောက်ကစားချိန်က ပွဲ (၂၀)ကစားခဲ့ပြီးနောက် (၄) ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဟူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူစဉ်က ဖေးလစ်ကို ပြောင်းရွှေ့ကြေးငွေ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ခေါ်ယူရန် မန်စီးတီးကိုလည်း ကမ်းလှမ်းခဲ့ဖူးပြီး မန်စီးတီးအသင်းက လက်မခံခဲ့ချေ။

ယခုအချိန်တွင်မူ ချယ်လ်ဆီးအသင်းသည် ဖေးလစ်ကို အပြီးသတ်ခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်နှင့် ဆွေးနွေးမှုများပြန်လည်စတင်နေခြင်းဖြစ်သည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page