top of page
Search

နာပိုလီအသင်းမှ အိုဆင်မန် ထွက်ခွာမည်ဟု အသင်းဒါရိုက်တာ အတည်ပြုခဲ့ပြီး အသင်း၏ ကစားသမားခေါ်ယူရန် ခက်ခဲမှုအခြေအနေများကို နည်းပြကွန်တီ ဖွင့်ဟ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 12, 2024
  • 1 min read


နာပိုလီအသင်း၏ နိုင်ဂျီးရီးယားကြယ်ပွင့်တိုက်စစ်မှူး အိုဆင်မန်သည် ယခုနွေရာသီတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ယခုသြဂုတ်လအတွင်း အပြောင်းအလဲများကို မြင်တွေ့ရဖွယ်ရှိနေကြောင်း နာပိုလီအသင်းဒါရိုက်တာ မန်နာက အတည်ပြုပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်သာရှိသေးသည့် အိုဆင်မန်သည် လက်ရှိဥရောပ၏ အကောင်းဆုံးတိုက်စစ်မှူးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက ထိပ်တန်းကလပ်အသင်းကြီးများနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်သည်။

နာပိုလီအသင်းတာဝန်ရှိသူများသည် အသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိသေးသည့် အိုဆင်မန်အား စာချုပ်သစ်ချုပ်ဆိုကာ အသင်းတွင်ဆက်ထိန်းနိုင်ရန် ဆန္ဒရှိနေသော်လည်း ကစားသမားကိုယ်တိုင်က အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားသည့်အတွက် ပြောင်းရွှေ့ကြေး မြင့်မားစွာရရှိနိုင်သည့် ယခုနွေရာသီတွင် ရောင်းချသွားရန် စီစဉ်ထားကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြသည်။

အိုဆင်မန်၏အနာဂတ်နှင့်ပတ်သက်ပြီး အသင်းဒါရိုက်တာ မန်နာက "ဗစ်တာအိုဆင်မန်ဟာ အသင်းကနေ ထွက်ခွာဖို့ အခြေအနေကိုမေးမြန်းထားပြီး ဒီနွေရာသီမှာ အသင်း ပြောင်းဖို့ဆန္ဒရှိနေပါတယ်။ ဒါဟာရိုးရှင်းတဲ့အခြေအနေပါ။ သူ (အိုဆင်မန်)ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကထွက်ခွာဖို့ နီးစပ်ခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ်တွေအတွင်း ကျွန်တော်တို့အားလုံး တိကျတဲ့အဖြေရရှိပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

အိုဆင်မန်သည် နာပိုလီအသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၃၃)ပွဲကစားရာတွင် (၇၆)ဂိုးသွင်းယူပေးခဲ့ပြီး အသင်းနှင့်အတူ စကူဒက်တိုချန်ပီယံဆုတစ်ကြိမ် အပါအဝင်တစ်ဦးချင်းအောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် အိုဆင်မန်အားခေါ်ယူနိုင်ရန်အတွက် ချယ်လ်ဆီးအသင်းမှ ရေပန်းအစားဆုံးဖြစ်နေပြီး PSG နှင့် ဆော်ဒီကလပ်အသင်းအချို့မှလည်း ပစ်မှတ်ထားနေကြောင်း Football Italia က ဖော်ပြခဲ့သည်။

ထို့ပြင် နာပိုလီအသင်း၏ နည်းပြသစ်ဖြစ်သူ ကွန်တီသည် ယခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူရန် ခက်ခဲနေသည့်အခြေအနေများကို ဖွင့်ဟခဲ့ပြီး လစာငွေကန့်သတ်မှုနှင့် ဥရောပဝင်ခွင့်မရရှိခဲ့ခြင်းများမှာ အဓိကကျခဲ့ကြောင်း ပြောကြားခဲ့သည်။

ကွန်တီက "ဈေးကွက်ထဲမှာ ကစားသမားသစ်တွေခေါ်ယူဖို့ လစာငွေကန့်သတ်ချက်ရှိသလို၊ ကျွန်တော်တို့အသင်းရဲ့ လာမယ့်ရာသီဥရောပဝင်ခွင့်လွဲချော်ခဲ့ခြင်းကလည်း ကစားသမားကောင်းတွေကိုဆွဲဆောင်ဖို့ခက်ပါတယ်။ ကျွန်တော်ဟာ နာပိုလီအသင်းကို အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်လိုနေပြီး ဘာတွေဖြစ်လာမလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး" ဟုပြောကြားခဲ့သည်။

ကွန်တီသည် အိုဆင်မန်၏နေရာတွင် အစားထိုးရန်အတွက် အင်တာမီလန်တွင်လက်တွဲခဲ့ဖူးသည့် ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူအား ခေါ်ယူရန်ဆန္ဒရှိနေကြောင်း သိရသည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page