top of page
Search

ပြီးခဲ့သည့်ရာသီက VAR ကြောင့် ဆုံးဖြတ်ချက် (၁၀၅)ခု မှန်ကန်ခဲ့ကြောင်း ဟောင်းဝပ်ဝက်ဘ် ဆို

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 15, 2024
  • 1 min read



ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက VAR ကြောင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် (၁၀၅)ခု မှန်ကန်ခဲ့ကြောင်း သိရသည်။

VAR အပေါ် ဝေဖန်မှုများ ရှိနေသော်လည်း ယင်းစနစ်ကို အသုံးပြုပြီးနောက် ကွင်းလယ်ဒိုင်များ၏ ဆုံးဖြတ်ချက် မှန်ကန်မှုမှာ (၉၆) ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး VAR ကို အသုံးမပြုမီက (၈၂) ရာခိုင်နှုန်းနှင့်စာလျှင် များစွာမြင့်တက်လာကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရာသီက VAR ပါဝင်ပတ်သက်သည့် ဆုံးဖြတ်ချက်များတွင် (၅)ခုသာ မှားယွင်းခဲ့ပြီး (၁၀၅) ခုအထိ မှန်ကန်ခဲ့ကြောင်း သိရှိရသည်။ နာမည်ကျော် ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က "VAR ကြောင့် ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ တစ်ရာသီထက် တစ်ရာသီ ပိုကောင်းလာပါတယ်။ အမှားအယွင်းတွေလည်း ပိုနည်းလာပါတယ်။ ဒါပေမဲ့ လူတွေရဲ့ သဘာဝအတိုင်း မှန်ကန်တဲ့အကြိမ် အရေအတွက် များပေမဲ့ မှားခဲ့တဲ့ အကြိမ်ကို အမှတ်ရနေကြတာပါ။ ပြီးတော့ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး (၂၅) မှာ (၁) ဂိုးလောက်ပဲ VAR ကြောင့် ပယ်ပျက်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ပေါလ်စခိုးလ်ကလည်း ပရိသတ် (၅)ဦးတွင် (၄)ဦးက VAR ကို ပရီးမီးယားလိဂ်တွင် ဆက်လက်ကျင့်သုံးရန် အလိုရှိနေကြကြောင်း ပြောကြားခဲ့သည်။



 
 
 

Comentarios


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page