top of page
Search

ပါရီအိုလံပစ် အမျိုးသား ဘက်စကတ်ဘော ဗိုလ်လုပွဲတွင် အအောင်မြင်ဆုံး အမေရိကန်နှင့် အိမ်ရှင်ပြင်သစ် တွေ့ဆုံ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 10, 2024
  • 1 min read


ပါရီအိုလံပစ် အမျိုးသားဘက်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် အအောင်မြင်ဆုံး အမေရိကန်အသင်းနှင့် အိမ်ရှင်ပြင်သစ် အသင်း ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

သြဂုတ် ၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အမေရိကန်အသင်းက ဆားဘီးယားအသင်းကို ၉၅-၉၁ မှတ်၊ ပြင်သစ်အသင်းက ဂျာမနီအသင်းကို ၇၃-၆၉ မှတ်ဖြင့် အနိုင်ရပြီးနောက် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ 

ဆီမီးဖိုင်နယ်နှစ်ပွဲစလုံး အုပ်စုတွင်းပြိုင်ဘက်များ ပြန်လည်တွေ့ဆုံ ခြင်းဖြစ်ပြီး အမေရိကန်အသင်းမှာ ဆားဘီးယားအသင်း၏ ပုံစံကောင်းပြသနိုင်မှုကြောင့် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်းတွင် ၃၁-၂၃ မှတ်၊ ဒုတိယပိုင်းတွင် ၂၃-၂၀ မှတ်၊ တတိယ ပိုင်းတွင် ၂၂-၂၀ မှတ်ဖြင့် ဆားဘီးယားအသင်းက တောက်လျှောက်ဦးဆောင်နိုင်ခဲ့သော် လည်း နောက်ဆုံးစတုတ္ထပိုင်းတွင်မူ အမေရိကန်အသင်းက ၃၂-၁၅ မှတ်ဖြင့် ပြန်လည်အနိုင်ယူကာ လေးမှတ်အသာ ၉၅-၉၁ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အမေရိကန်အသင်းသည် အိုလံပစ်ဘက်စကတ်ဘောပြိုင်ပွဲ သမိုင်းတစ်လျှောက် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်နှစ်ခုရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ 

အမေရိကန် အသင်းအနေဖြင့် အိုလံပစ်ပြိုင်ပွဲ၌ ဘက်စကတ်ဘောအားကစားနည်းပါဝင်သည့် အကြိမ် ၂၀ တွင် ၁၆ ကြိမ်အထိ ဗိုလ်စွဲထားခြင်းဖြစ်ပြီး ပြင်သစ်အသင်းမှာမူ ငွေတံဆိပ် သုံးကြိမ်သာ ရရှိဖူးသည်။ 

ဗိုလ်လုပွဲနှင့် တတိယလုပွဲကို သြဂုတ် ၁၀ ရက် (ယနေ့) ကျင်းပမည်ဖြစ်သည်။

 
 
 

Commentaires


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page