top of page
Search

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၅) သန်းကြောင့် ဖိအားများ ခံစားခဲ့ရပြီး ယုံကြည်မှုပျောက်ဆုံးခဲ့ရကြောင်း ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုင်စီဒို ဝန်ခံ



ချယ်လ်ဆီးကွင်းလယ်ကစားသမား ကိုင်စီဒိုက ၎င်း၏ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ အလွန်ခက်ခဲခဲ့ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် (၁၁၅)သန်းကြောင့် ဖိအားများခံစားခဲ့ရကာ ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။ချယ်လ်ဆီးအသင်းသည် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်းမှ အီကွေဒေါလက်ရွေးစင်ကွင်းလယ်အဖျက်ကစားသမား ကိုင်စီဒိုကို လီဗာပူးလ်အသင်းနှင့်အပြိုင်ကြိုးပမ်းပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၅) သန်းပေးကာ ခေါ်ယူခဲ့သည်။ကိုင်စီဒိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ချယ်လ်ဆီးအသင်းတွင် ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်သည့် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ (၄၈) ပွဲတွင် (၁) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ချယ်လ်ဆီးအသင်းမှာလည်း ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့် (၆)သာရရှိခဲ့ပြီး နည်းပြ ပိုချက်တီနိုမှာ ရာသီကုန်တွင် နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသည်။ကိုင်စီဒိုက ''အစပိုင်းက ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကို ရောက်လာသလို၊ ပြောင်းရွှေ့ကြေးကြောင့်လည်း ကျွန်တော့်အနေနဲ့ ပွဲတိုင်းအနိုင်ရဖို့ လိုအပ်ခဲ့တာပါ။ ဘရိုက်တန်မှာ ကစားတုန်းက ဖိအားသိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးမှာတော့ ဘရိုက်တန်နဲ့ မတူပါဘူး။ သမိုင်းကြောင်း ကြီးမားတဲ့ ထိပ်တန်းအသင်းကြီးမှာ ကစားရတာဟာ ဖိအားအလွန်များပါတယ်။ ရာသီကုန်ခါနီး နောက်ဆုံး (၄)၊ (၅) လလောက်မှာမှ ကလပ်အသင်းမှာ ကျွန်တော် နေသားကျခဲ့တာပါ''ဟု ပြောကြားခဲ့သည်။ဆက်လက်ပြီး ကိုင်စီဒိုက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကြောင့် ၎င်းအနေဖြင့် ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။'' ပြောင်းရွှေ့ကြေး ဖိအားကြောင့် ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရပါတယ်။ ကျွန်တော့်မှာ အရည်အချင်းရှိပြီး ကျွန်တော်က ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိလာတဲ့အခါ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို ပြသဖို့ ခက်ခဲပါတယ်''ဟု ကိုင်စီဒိုက ပြောကြားခဲ့သည်။ 

9 views0 comments

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page