top of page
Search

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် (၁၁၅) ချက်ဖြင့် တရားရင်ဆိုင်နေရသည့် မန်စီးတီးကို လျော်ကြေးရလိုမှုဖြင့် ပရီးမီးယားလိဂ်အသင်းများတရားစွဲဖွယ်ရှိ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 15, 2024
  • 1 min read



ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် (၁၁၅)ချက်ဖြင့် တရားရင်ဆိုင်နေရသည့် မန်စီးတီးအသင်းကို လျော်ကြေးရလိုမှုဖြင့် တရားစွဲဖွယ်ရှိနေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ၂၀၂၃ ဖေဖော်ဝါရီတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၉)နှစ်တာကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများရှိသည်ဟုဆိုကာ ပရီးမီးယားလိဂ်က စွဲချက် (၁၁၅)ချက်ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်က မန်စီးတီးအနေဖြင့် စပွန်ဆာရယူမှုနှင့် နည်းပြ၊ ကစားသမားများအား လစာပေးချေမှုများကို အသေးစိတ်ချပြခြင်း မရှိဟု စွပ်စွဲခြင်းဖြစ်ပြီး ယင်းအမှုကို စက်တင်ဘာတွင် စတင်ကြားနာဖွယ် ရှိကြောင်း သိရသည်။

ယင်းကြားနာမှုမှာ လချီကြာမြင့်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်မှ အဖြေသိရဖွယ်ရှိနေသည်။ ယခုအခါ ပရီးမီးယားလိဂ်ကလပ်များက ကြားနာမှုအဖြေကိုမစောင့်ဘဲ လျော်ကြေးရလိုမှုဖြင့် မန်စီးတီးအားတရားစွဲရန်စီ စဉ်လာခြင်းဖြစ်သည်။

ဖလားများကို မန်စီးတီး ရယူသွားခြင်းကြောင့် စပွန်ဆာများနှင့်လွဲခဲ့ရသည်ဟုဆိုကာ ပရီးမီးယားလိဂ်က လျော်ကြေးရယူလိုနေခြင်းဖြစ်သည်။ မန်စီးတီးအနေဖြင့် ကြားနာမှုတွင် အပြစ်ရှိကြောင်းတွေ့ ရှိပါက အမှတ်လျှော့ပြစ်ဒဏ်အပြင် တန်းဆင်းရသည့်ပြစ်ဒဏ်ပါ ကျခံရနိုင်ကြောင်း သိရှိရသည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page