top of page
Search

ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် စပါးအသင်း သဘောတူညီမှု ရရှိခဲ့ပြီဟု Daily Mail ဖော်ပြ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 10, 2024
  • 1 min read


စပါးအသင်းသည် ဘုန်းမောက်အသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဆိုလန်ကီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ စပါးအသင်းသည် ဆိုလန်ကီ(၂၆ နှစ်)အား ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုလည်း ရရှိထားပြီဖြစ်ပြီး ကစားသမားအနေဖြင့် စပါးအသင်းသို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေကြောင်းလည်း သိရှိ ရသည်။ ဆိုလန်ကီသည် ဘုန်းမောက်အသင်း နှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း စာချုပ်လျော်ကြေး ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းမှုများရှိလာပါက အသင်းပြောင်းရွှေ့ခွင့်ရှိကြောင်း သိရသည်။ စပါးအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် အသင်းအဓိကတိုက်စစ်မှူး ဟာရီကိန်းအား ဘိုင်ယန်မြူးနစ်အသင်းထံသို့ ရောင်းချပြီးနောက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဆိုလန်ကီသည် ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး လီဗာပူးလ်အသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်စပိုင်းအထိ ကစားခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၉ ဇန်န ၀ါရီတွင် လီဗာပူးလ်အသင်းမှ ဘုန်းမောက် အသင်းထံသို့ နှစ်ရှည်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ပေါင် ၁၉ သန်း ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ဆိုလန်ကီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘုန်းမောက်အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲတွင် ၁၉ ဂိုး သွင်းယူပေးခဲ့သလို ပြိုင်ပွဲစုံ ၄၂ ပွဲတွင် ၂၁ ဂိုးအထိ သွင်းယူခဲ့သည်။ 

စပါးနည်းပြ ပိုစတီကိုဂလူးသည် အသင်းတိုက်စစ်ပိုင်းအတွက် ဆိုလန်ကီအား ဦးစားပေးပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားပြီး ယခုအခါ ၎င်းအား စာချုပ်လျော်ကြေးပေးကာ ခေါ်ယူရန် ဘုန်းမောက်အသင်းနှင့် သဘောတူညီရခဲ့ခြင်းဖြစ်သည်။ စပါးအ သင်းအနေဖြင့် ဆိုလန်ကီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းအထိ အသုံးပြုရမည်ဖြစ်ပြီး ယင်းမှာ အသင်းအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ယခင်က စပါးအသင်း၏ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်မှာ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီဖြစ်ပြီး ၂၀၁၉ နွေရာသီတွင် လိုင်ယွန်အသင်းမှ ခေါ်ယူစဉ်က ပေါင် ၆၃ သန်း ပေးချေခဲ့ရခြင်းဖြစ်သည်။ 

ထို့ပြင် ဆိုလန်ကီမှာ ဘုန်းမောက်အတွက်လည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချသည့်ကစားသမား ဖြစ်လာမည်ဖြစ်သည်။ ယခင်က ဘုန်းမောက်အသင်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချခဲ့သည့်ကစားသမားမှာ နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား နသန်အကီဖြစ် ပြီး ၂၀၂၀ နွေရာသီတွင် မန်စီးတီးအသင်းထံသို့ ပေါင် ၄၁ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုန်းမောက်အသင်းအနေဖြင့် ဆိုလန်ကီအား စပါးအသင်းထံသို့ ပေါင် ၆၅ သန်းဖြင့် ရောင်းချမည်ဆိုပါက ယင်းမှာ အသင်းအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချမှုဖြစ်လာမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ဆိုလန်ကီအား ဘုန်းမောက်အသင်းသို့ ရောင်းချစဉ်က ပြန်လည်ရောင်းထုတ်ခဲ့ပါက ပြောင်းရွှေ့ကြေး၏ ၂၀ ရာခိုင်နှုန်းပေးချေရမည်ဆိုသည့်အချက်ကို ထည့်သွင်းထားရာ အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပါက ပေါင် ၉ သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆိုလန်ကီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းယူခဲ့ရာ ယင်းမှာ စပါးအသင်း၏အဓိကတိုက်စစ်ကစားသမားဖြစ်သည့် ဆွန်ဟောင်မင် (၁၇ ဂိုး)နှင့် ရစ်ချာလီဆန်(၁၁ ဂိုး)တို့ထက် ပိုများကြောင်း သိရသည်။ ထို့ကြောင့် ပိုစတီကိုဂလူးက အသင်းတိုက်စစ်ကိုဦးဆောင်ရန် ဆိုလန်ကီကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

 
 
 

Comentarios


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page