top of page
Search

မန်စီးတီးနှင့် ဟာလန်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီး ၎င်းဆန္ဒရှိသည့်အသင်းထံ လျော်ကြေးငွေဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည့် သဘောတူညီချက်ပါဝင်မည်

  • Writer: Khun Jdbkk
    Khun Jdbkk
  • Sep 9, 2024
  • 1 min read


မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး ဟာလန်းသည် လက်ရှိအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမား ဖြစ်လာမည့်အပြင် ၎င်းဆန္ဒရှိသည့်အသင်းထံ လျော်ကြေးငွေဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည့် သဘောတူညီချက်လည်း  ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဟာလန်း(၂၄ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဂိုးသွင်းနှုန်းမြင့်မားသည့် တိုက်စစ်မှူးဖြစ်သောကြောင့် ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။ ထို့ကြောင့် မန်စီးတီးအသင်းက လစာတိုးမြှင့်ပေးပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် ပရီးမီး ယားလိဂ်၏ လစာအများဆုံးကစားသမားအဖြစ် မန်စီးတီးအသင်းဖော် ဒီဘရိုင်းနားက တစ်ပတ်ပေါင်(၄၂၅၀၀၀)ဖြင့် ရပ် တည်နေပြီး ဟာလန်းက တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ဟာလန်းသည် ဆုကြေးနှင့် အခြားခံစားခွင့်များကိုပါ ထည့်တွက်ပါက တစ်ပတ်ပေါင် (၈၅၀၀၀၀)ဝန်းကျင်အထိ ရရှိနေသော်လည်း မူရင်းလစာမှာ မူ (၃၇၅၀၀၀)သာရရှိနေခြင်းဖြစ်သည်။ မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီးပါက မူရင်းလစာနှုန်းထားမှာပင် ဒီဘရိုင်း နားထက်ပိုမိုရရှိသွားမည်ဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းတာဝန်ရှိသူများနှင့် ဟာလန်း၏အေးဂျင့် ပီမန်တာတို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စာချုပ်သစ်အတွက် သဘောတူညီမှုရရှိရန် နီးစပ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဟာလန်းသည် ပီမန်တာ မတိုင်မီက နာမည်ကျော်အေးဂျင့် ရိုင်ယိုလာနှင့် လက်တွဲခဲ့သူဖြစ်ပြီး ရိုင်ယိုလာ ရုတ်တရက် ကွယ်လွန်သွားသည့်အတွက် ၎င်းင်း၏လက်ထောက်ဖြစ်သူ အမျိုးသမီးအေးဂျင့် ပီမန်တာနှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ပီမန်တာသည် ရိုင်ယိုလာ လက်စမသတ်နိုင်ခဲ့သည့် ဟာလန်း နှင့် မန်စီးတီးအသင်း၏ အပြောင်းအရွှေ့ကိစ္စကို ဆုံးခန်းတိုင်အောင် ဆက်လက်ဆောင်ရွက်ပေးခဲ့ရသူဖြစ်သည်။ 

ယခုအခါ ၎င်းင်းနှင့်အတူ ဟာလန်း၏ ဖခင်ဖြစ်သူတို့က စာချုပ်သစ်ချုပ်ဆိုရန် လုပ်ဆောင်နေသော်လည်း ဟာလန်း၏ ဆုံးဖြတ်ချက်ကသာ အဓိကကျကြောင်း ပီမန်တာက ပြောကြားခဲ့သည်။ ဟာလန်းသည် မန်စီးတီးမတိုင်မီက မည်သည့်အသင်းတွင်မျှ (၃)ရာသီပြည့်အောင် မကစားခဲ့ဖူးဘဲ (၃)နှစ်အတွင်း၌ အသင်း(၃)သင်း ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းတွင်လည်း ကာလကြာမြင့်စွာ ကစားလိမ့် မည်မဟုတ်ဟု ထင်ကြေးပေးခံခဲ့ရသော်လည်း ယခုအခါ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်လာခြင်းဖြစ်သည်။ 

သို့ရာတွင် ယင်း စာချုပ်၌ ၎င်းဆန္ဒရှိသည့်အသင်းထံ လျော်ကြေးတန်ဖိုးဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည့် သဘောတူညီချက် ပါဝင်မည်ဟု သိရသည်။ ဟာလန်းသည် ဒေါ့မွန်အသင်းတွင် ရှိစဉ်ကလည်း ယင်းကဲ့သို့ သဘောတူညီချက် ထည့်သွင်းထားခဲ့သည့်အ တွက် လျော်ကြေးပေါင်(၅၁)သန်းဖြင့် မန်စီးတီးအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟာလန်းအနေဖြင့် ယခုကဲ့သို့ သဘောတူညီချက် ထည့်သွင်းချုပ်ဆိုရန် စီစဉ်ခြင်းမှာ ၎င်းပြောင်းရွှေ့ကစားရန် ရည်ရွယ်ထားသည့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ဟာလန်းသည် မန်စီးတီးတွင် ပြိုင်ပွဲစုံ (၁၀၂) ပွဲကစားပြီး (၉၇)ဂိုး သွင်းယူပေးထားသည်။

 
 
 

Comentários


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page