top of page
Search

မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား သုံးဦးသာရှိပြီး စွန့်စားမှု ကြီးကြီးမားမားလုပ်မည်မဟုတ်ကြောင်း အဲရစ်တန်ဟက် ပြောကြား



မန်စီးတီးအသင်းနှင့်ကစားရမည့် ကွန် မြူနတီဒိုင်းပွဲစဉ်အတွက် မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား သုံးဦးသာရှိပြီး စွန့်စားမှုကြီးကြီးမားမားလုပ်မည်မဟုတ်ကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်က ပြောကြားသည်။    ၂၀၂၄-၂၀၂၅ ရာသီအဖွင့် ကွန်မြူနတီ ဒိုင်းပြိုင်ပွဲအဖြစ် ပြီးခဲ့သည့်ရာသီ ပရီးမီးယား လိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် FA ဖလား ချန်ပီယံ မန်ယူအသင်းတို့ သြဂုတ် ၁၀ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယင်းပွဲမတိုင်မီ မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမားအဖြစ် အီဗန်စ်၊ လီဆန်ဒရိုမာတီနက်ဇ်နှင့် ဒါလော့တို့ သုံးဦးသာရှိနေပြီး နွေရာသီတွင် အသစ်ခေါ်ယူထားသည့် ယိုဟိုနှင့် မာလာစီယာမှာ ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သလို မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ လုခ်ရှောနှင့် ဝမ်ဘစ်ဆာကာတို့မှာလည်း ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။    သို့ဖြစ်ရာ တန်ဟက်က "ကျွန်တော်တို့ အမြဲတမ်းအနိုင်ရချင်ပါတယ်။ ခြေစမ်းပွဲတွေ မှာတောင် အနိုင်ရချင်တာပါ။ ဒါက ဆုဖလား  တစ်ခုရမယ့်ပြိုင်ပွဲပါ။ ဒီဆုကိုရယူနိုင်ဖို့ ပြိုင် ဆိုင်မှု အရမ်းပြင်းထန်တဲ့အသင်းကို ရင်ဆိုင်ရမှာပါ။ ဒါက ရာသီကြိုကာလလည်းဖြစ်ပါတယ်။ ကစားသမားတွေနဲ့ ကြီးမားတဲ့စွန့်စားမှု မျိုး ကျွန်တော်တို့မလုပ်ပါဘူး။ လီချာ (လီဆန်ဒရိုမာတီနက်ဇ်) ဒီပွဲမှာပါဝင်နိုင်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်"ဟု ပြောကြားသည်။

1 view0 comments

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page