မန်ယူအသင်းတာဝန်ရှိသူများ၏ ထောက်ခံမှုကိုရရှိထားသော်လည်း တန်ဟက်ဂ်အတွက် အာမခံချက် မရှိသေး
- Khun Jdbkk
- Sep 8, 2024
- 1 min read

မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် အသင်းတာဝန်ရှိသူများ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်သော်လည်း ရာထူးအတွက် အာမခံချက် မရှိသေးကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီအစမှာပင် ရလဒ်များဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၃) အပြီးတွင် (၂) ပွဲအထိ ရှုံးနိမ့်ထားသည့်အတွက် နည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မန်ယူပရိသတ်များသည် လီဗာပူးလ်အသင်းအား အိမ်ကွင်း$ (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် တန်ဟက်ဂ်အား လှောင်ပြောင်ခဲ့ကြပြီး လူမှုကွန်ရက်တွင် ၎င်းအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှု အချို့လည်း ရှိခဲ့သည်။
သို့သော် မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘရာဒါနှင့် အားကစားဒါရိုက်တာ ဒန်အက်ချ်ဝက်ချ်တို့က ရာသီအစတွင် ရလဒ်များ ဆိုးရွားနေသော်လည်း ၎င်းတို့အနေဖြင့် အသင်းနည်းပြ တန်ဟက်ဂ်ကို ထောက်ခံဆဲဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
သို့သော် မန်ယူအသင်းအနေဖြင့် နောက်လာမည့်ပွဲစဉ်များတွင် ရလဒ်များဆိုးရွားနေမည်ဆိုပါက အသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်ကလည်း တန်ဟက်ဂ်အနေဖြင့် ခရစ္စမတ်ကာလအထိ အချိန်ရနိုင်ပြီး ယင်းအချိန်ထိ ရလဒ်မကောင်းပါက ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
Comments