top of page
Search

မော်ရင်ဟိုလက်ထက်က အသင်းဖော်များရှေ့တွင် ဆူပူခံခဲ့ရသည့်အတွက် ဝမ်းနည်းခဲ့ရကြောင်း စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဖွင့်ဟ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 9, 2024
  • 1 min read


စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က မော်ရင်ဟိုလက်ထက်က အသင်းကစားသမားများအားလုံးရှေ့တွင် ဆူပူခံခဲ့ရသည့်အတွက် ဝမ်းနည်းခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။


တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင် (၃၂ နှစ်)သည် စပါးအသင်းတွင်အဓိကကစားသမားအဖြစ်ရပ်တည်နေပြီး ပြီးခဲ့သည့် နွေရာသီက ဟူဂိုလိုရစ်အသင်းက ထွက်ခွာသွားပြီးနောက် အသင်းခေါင်း ဆောင်ဖြစ်လာခဲ့သည်။


ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်မှ စပါးအသင်းသို့ ရောက်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၄၀၈) ပွဲတွင် (၁၆၂)ဂိုး သွင်းယူထားသည်။

နာမည်ကျော် မော်ရင်ဟိုသည် စပါးအသင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၎င်းလက်ထက်တွင်လည်း ဆွန်ဟောင်မင်သည် အဓိက ကစားသမားအဖြစ် အသုံးတော်ခံခဲ့သူဖြစ်သည်။


ဆွန်ဟောင်မင်က "တစ်ခါတုန်းက ပွဲကစားနေစဉ်အတွင်း မော်ရင်ဟိုက ကျွန်တော့်ကို ဒေါသတကြီးဆူပါတယ်။ အသင်းကစားသမားတွေ အားလုံးရှေ့မှာ သူက ကျွန်တော့်ကို မင်းဘန်လေ (သို့) စတုတ်စီးတီးတို့လို အသင်းတွေနဲ့ဆိုရင် မကစားချင်ဘူးလို့ ငါ ထင်တယ်။ မင်း ပျင်းရိပျင်းတွဲကစားနေတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။ အဲဒီ စကားကြောင့် ကျွန်တော် ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာတော့ သူက အသင်းကစားသမားတွေဆူချင်လို့ အကောင်းဆုံးဖြစ်တဲ့ ကျွန်တော့်ကို တည်ပြီး ဆူခဲ့တာပါလို့ မက်ဆေ့ချ်ပို့ခဲ့လို့ စိတ်ပြေခဲ့ပါတယ်''ဟု ဆိုခဲ့သည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page