top of page
Search

လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသည့် ဂျပန်ကစားသမားအဖြစ် ကူဘို စံချိန်သစ်တင်

  • Writer: Khun Jdbkk
    Khun Jdbkk
  • Oct 2, 2024
  • 1 min read

လာလီဂါကလပ် ဆိုစီဒက်အသင်း၏ တိုက်စစ်ကစားသမားဖြစ်သူ ကူဘို(၂၃ နှစ်)သည် ဗလင်စီယာအသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရသည့် လာလီဂါပွဲစဉ်တွင်ပါဝင်ကစားခဲ့ပြီးနောက် ကစားသမားဘဝ လာလီဂါပွဲပေါင်း (၁၆၇) ပွဲပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသည့် ဂျပန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။



ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီတွင် (၄)နှစ်ကြာ (၂၀၁၁ မှ ၂၀၁၅) ကစားခဲ့ဖူးသည့် ကူဘိုသည် ၂၀၁၉ ခုနှစ်တွင် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ကာ စပိန်ဘောလုံးလောကနှင့် စတင်ထိတွေ့ခဲ့ပြီး မာယော့ကာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေး (အငှား) နှင့် ဆိုစီဒက်အစရှိသည့် စပိန်ကလပ်များတွင်သာ ကစားသမားဘဝဖြတ်သန်းခဲ့သူဖြစ်သည်။



ကူဘိုသည် အီဘာ၊ ဘက်တစ်နှင့် အလာဗတ်စ်အသင်းများတွင်ကစားခဲ့ဖူးသည့် ဂျပန်ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား အီနူအီ (၁၆၆ ပွဲ)၏စံချိန်ကိုကျော်ဖြတ်ကာ စံချိန်သစ်တင်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝ လာလီဂါ သွင်းဂိုး (၂၄)ဂိုးဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် ဂျပန်ကစားသမားအဖြစ်လည်း စံချိန်သစ်တင်ရှိနိုင်ခဲ့ကြောင်းသိရသည်။ 

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page