top of page
Search

အပြောင်းအရွှေ့စျေးကွက်မပိတ်မီတွင် စတာလင်နှင့် ဆန်ချို အလဲအထပ်ပြုလုပ်ရန် မန်ယူနှင့် ချယ်လ်ဆီး ဆွေးနွေးမည်


ချယ်လ်ဆီးအသင်းသည် ယခု အပြောင်းအရွှေ့စျေးကွက် မပိတ်မီတွင် အသင်း၌ မလိုအပ်တော့သည့် အင်္ဂလန်ဝါရင့်တောင်ပံကစားသမား ရာဟင်းမ်စတာလင်နှင့်  မန်ယူအသင်းကလည်း အလိုမရှိဖြစ်နေသည့် ဂျေဒန်ဆန်ချိုတို့အား အလဲအထပ်ပြုလုပ်သွားရန် ဆွေးနွေးသွားမည်ဟု သိရှိရသည်။



အဲရစ်တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းတွင် တစ်ကျော့ပြန် အငှားဖြင့်သွားရောက်ကစားခဲ့ရာ၌ ခြေစွမ်းပြခဲ့သည့် ဆန်ချိုအား အသင်းတွင် ပြန်လည်အသုံးပြုရန် စည်းရုံးခဲ့ပြီး ပြန်လည်ခေါ်ယူခဲ့သော်လည်း မန်စီးတီးအသင်းနှင့် ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ပယ်နယ်တီ လွဲချော်ခဲ့ပြီးနောက် ဆန်ချိုအား အသင်းလူစာရင်းတွင်ပင် မထည့်ဘဲ ဆက်ထားခဲ့သည်။



ယင်းအတွက်ကြောင့် ဆန်ချိုသည် အသင်းမှ ထွက်ခွာရန် ပြင်ဆင်လာခဲ့ရာ စီးရီးအေထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက ဆွေးနွေးလျက်ရှိသလို ချယ်လ်ဆီးကလည်း စတာလင် နှင့် အလဲအထပ်လုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။



ဂျူဗင်တပ်စ်အသင်းသည် စတာလင်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page