top of page
Search

အယ်လ်နာဆာအသင်းတွင်ပင် ကစားသမားဘဝမှ အနားယူမှုဖြစ်နိုင်ကြောင်း အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပြောကြား


အယ်လ်နာဆာအသင်းမှ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက လက်ရှိအသင်းတွင်ပင် ကစားသမားဘဝမှ အနားယူမှုဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အသက် ၃၉ နှစ် ရှိပြီဖြစ်သလို ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲ တွင်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အနားယူရန် အကြံပြုမှုများရှိခဲ့သည်။ သို့သော် ပေါ်တူဂီမီဒီယာ Now နှင့် တွေ့ဆုံရာတွင် စီရော်နယ်လ်ဒိုက "မကြာခင် ဒါမှမ ဟုတ် နှစ်နှစ်သုံးနှစ်အတွင်း အနားယူဖြစ်မလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အယ်လ်နာဆာအသင်းမှာ ကစားရင်း အနားယူတာ ဖြစ်နိုင်ပါတယ်။ ဒီကလပ်အသင်းမှာ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီတိုင်းပြည်လည်း ကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဆော်ဒီအာရေဗျမှာ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ပြီးတော့ ဆက်လက်ကစားသွားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ၎င်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ယှဉ်ပြိုင်ကစားသွားလိုကြောင်းနှင့် ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြအဖြစ် ဆောင်ရွက်ရန် စဉ်းစားထားခြင်းမရှိကြောင်း ဖွင့်ဟခဲ့သည်။ "လာမယ့်ပွဲစဉ်တွေမှာ လက်ရွေးစင်အသင်း ကို ကူညီပေးသွားချင်ပါတယ်။ ကျွန်တော်တို့ Nations League ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ရှိနေပြီး ကျွန်တော် တကယ့်ကို ယှဉ်ပြိုင်ကစားချင်ပါတယ်။ လက်ရွေးစင်အသင်းကနေ ကျွန်တော် အနားယူမယ့်အချိန်ကို ဘယ်သူ့ကိုမှ ပြောမထားပါဘူး။ အဲဒီအတွက် ဆုံးဖြတ်ချက်ကို သူ့အလိုလို စေ့ဆော်မှုနဲ့ပဲ လုပ်ဆောင်သွားမှာပါ။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ ဘယ်အသင်းရဲ့ နည်းပြအဖြစ်မှ ဆောင်ရွက်သွားဖို့ စဉ်းစားထားခြင်း မရှိပါဘူး။ ဒီအကြောင်း ဘယ်တုန်းကမှလည်း မစဉ်းစားခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ဘောလုံးလောကရဲ့ အပြင်ဘက်မှာ ရှိနေမယ်လို့ပဲ မြင်မိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘုရားသခင်ပဲ သိပါတယ်"ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် လာမည့် Nations League ပြိုင်ပွဲသာမက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပါ ပေါ်တူဂီအသင်းအတွက် ကစားပေးရန်ရည်ရွယ်ထားကြောင်း ယူဆမှုများလည်း ရှိနေသည်။ ၎င်းသည် ပေါ်တူဂီအသင်းအတွက် ၂၁၂ ပွဲကစားကာ ဂိုး ၁၃၀ သွင်းယူပေးထားပြီး အသင်း၏ ပွဲအများဆုံးကစားသမား နှင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

1 view0 comments

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page