အဲဗာတန်အသင်း အမှတ်လျှော့ပြစ်ဒဏ်နှင့် ထပ်မံရင်ဆိုင်ရဖွယ်ရှိနေ
- Khun Jdbkk
- Aug 13, 2024
- 1 min read

အဲဗာတန်အသင်းသည် လာမည့် ၂၀၂၄-၂၅ ရာသီတွင်လည်း အမှတ်လျှော့ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ၂၀၂၂-၂၃ ရာသီတွင် ပရီးမီးယားလိဂ်၏ PSR စည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် လာမည့်ရာသီ၌ အမှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် အမှတ်လျှော့ပြစ်ဒဏ် နှစ်ကြိမ်ချမှတ်ခံခဲ့ရပြီး စုစုပေါင်း(၈)မှတ်လျှော့ခံခဲ့ရသော်လည်း တန်းဆင်းအန္တရာယ်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဆင့်(၁၅)နေရာရရှိခဲ့သည်။
သို့သော် ယခုနွေရာသီအပြောင်းအရွှေ့တွင် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် ပြင်ဆင်မှုအားနည်းနေသည့်အတွက် အမှတ်လျှော့ခံရပါက ရုန်းကန်ရဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် လက်ရှိအသင်းပိုင်ရှင် ဖာဟက်မိုရှီရီက အသင်းကို ရောင်းချရန် ကြိုးပမ်းနေကြောင်း သိရသည်။
Comments