top of page
Search

အိုလံပစ်ဘက်စကတ်ဘောပြိုင်ပွဲတွင် အမေရိကန်အမျိုးသားနှင့် အမျိုးသမီးအသင်းများကသာ ဆက်လက်လွှမ်းမိုးထား

  • Writer: Khun Jdbkk
    Khun Jdbkk
  • Aug 13, 2024
  • 1 min read



၂၀၂၄ ပါရီနွေရာသီအိုလံပစ် ဘက်စကတ်ဘောပြိုင်ပွဲတွင် လက်ရှိချန်ပီယံများဖြစ်သည့်  အမေရိကန်အမျိုးသားနှင့် အမျိုးသမီးအသင်းများကပင် ဆက်လက်လွှမ်းမိုးထားပြီး ထပ်မံဗိုလ်စွဲခဲ့ကြကြောင်း သိရသည်။



အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲနှစ်ရပ်စလုံး၏ ဗိုလ်လုပွဲများတွင် အမေရိကန်အသင်းနှင့် အိမ်ရှင် ပြင်သစ်အသင်းများသာ တွေ့ဆုံခဲ့့ခြင်းဖြစ်သည်။



အမျိုးသားပြိုင်ပွဲဗိုလ်လုပွဲတွင် အမေရိကန်အသင်းက ပြင်သစ်အသင်းကို (၆၇-၆၆)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲတွင် အမေရိကန်အသင်းက ပြင်သစ်အသင်းကို (၉၈-၈၇)မှတ်ဖြင့်လည်းကောင်း အနိုင်ရခဲ့ကြသည်။



အမေရိကန်အမျိုးသားအသင်းသည် နောက်ဆုံး(၅)ကြိမ်ဆက် အပါအဝင် (၁၇)ကြိမ်မြောက် ဗိုလ်စွဲခဲ့ပြီး အမေရိကန်အမျိုးသမီးအသင်းမှာမူ (၈)ကြိမ်ဆက်တိုက်အပါအဝင် (၁၀)ကြိမ်မြောက် ရွှေတံဆိပ်ဆု ရယူခဲ့သည်။



အမေရိကန်အသင်းတွင် ၂၀၂၄ NBA ချန်ပီယံ ဘော်စတွန်ဆဲလ်တစ်အသင်းမှ ဒဲရစ်ဝိုက်၊ ဂျေဆန်တာတမ်၊ ဂျရူဟောလိဒေး၊ LA Lakers အသင်းမှ လီဘရွန်ဂျိမ်းစ်၊ အန်သိုနီဒေးဗစ်၊ ဖီးနစ်ဆန်းအသင်းမှ ကယ်ဗင်ဒူးရန့်၊ ဂိုးလ်ဒင်းစတိတ်ဝါရီယာအသင်းမှ စတီဖင်ကာရီစသည့် နာမည်ကြီးကစားသမားများ ပါဝင်ကစားခဲ့သည်။



အမေရိကန်အသင်းသည် အိုလံပစ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုအသင်းက နှစ်ကြိမ်၊ ယူဂိုဆလားဗီးယားနှင့် အာဂျင်တီးနားအသင်းက တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။



ပြင်သစ်အသင်းမှာမူ ၂၀၂၀၊ ၂၀၂၄ နှစ်ကြိမ်ဆက် ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရပြီး တတိယနေရာလုပွဲတွင် ဆားဘီးယားအသင်းက ဂျာမနီအသင်းကို (၉၃-၈၃)မှတ်ဖြင့် အနိုင်ရခဲ့သည်။



အမျိုးသမီးဘက်စကတ်ဘောပြိုင်ပွဲကို ၁၉၇၆  ပြိုင်ပွဲတွင်မှ စတင်ထည့်သွင်းခဲ့ပြီး အမေရိကန်အသင်းက ပြိုင်ပွဲ(၁၃)ကြိမ်တွင် ရွှေတံဆိပ်(၁၀) ခု၊ ဆိုဗီယက်အသင်းက ရွှေ(၂)ခု၊ ယူဂိုဆလားဗီးယားအသင်းက ရွှေ(၁)ခုဖြင့် အသီးသီးဆွတ်ခူးခဲ့ကြသည်။



တတိယနေရာလုပွဲတွင် သြစတြေးလျအသင်းက ဘယ်လ်ဂျီယံအသင်းကို (၈၅-၈၁)မှတ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။



အမေရိကန်အမျိုးသားနှင့် အမျိုးသမီးဘက်စကတ်ဘောအသင်းများသည် ပြိုင်ပွဲတစ်လျှောက်လုံး ပွဲတိုင်းအနိုင်ရကာ ရွှေတံဆိပ်ဆုများကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

 
 
 

Comments


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page