top of page
Search

၂၀၂၅-၂၆ ရာသီတွင် အသင်းထံသို့ ရိုဒရီ ရောက်ရှိလာရန် ရီးယဲလ်မက်ဒရစ်အသင်း စတင်ကြိုးပမ်းလာ

  • Writer: Khun Jdbkk
    Khun Jdbkk
  • Sep 8, 2024
  • 1 min read

လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် မန်စီးတီးအသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီအား ၂၀၂၅-၂၆ ရာသီတွင် အသင်းထံသို့ ပြောင်းရွှေ့လာစေရန်အတွက် ကြိုးပမ်းမှုအစီအစဉ်များကို စတင်ပြုလုပ်လာခဲ့ပြီဖြစ်ကြောင်း စပိန် နာမည်ကြီးသတင်းစာ AS က ဖော်ပြခဲ့သည်။    ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ၎င်းတို့ အသင်း၏ ဂျာမနီဝါရင့်ကစားသမား တိုနီခရို့စ် အသင်းမှ ထွက်ခွာသွားခဲ့ပြီးသည့်နောက်တွင် ၎င်းနေရာအတွက် အစားထိုးရန် ရိုဒရီကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် မန်စီးတီးအသင်းနှင့် ရိုဒရီတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၇ အထိ ရှိနေပြီး ယခုရာသီကုန်ချိန်အထိ ကစားပြီးပါက စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိမည်ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ရိုဒရီနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ရိုဒရီ၏ အေးဂျင့်ဖြစ်သူက အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ရီးယဲလ်မက်ဒရစ်သာ ခေါ်ယူလိုပါက ရာသီကုန်တွင် ဆွေးနွေးလိုသည့်အခြေအနေလည်း ရှိနေသည်။ 

ရိုဒရီသည် လက်ရှိအချိန်တွင် အသက် (၂၈)နှစ် ရှိပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်သာ ခေါ်ယူခဲ့ပါက အသက် (၂၉) နှစ်အရွယ် ရှိနေမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသာ ထိုက်တန်သည့် ကမ်းလှမ်းမှု ပြုလုပ်လာပါက မန်စီးတီးအသင်းသည် ရောင်းထုတ်ဖွယ်အနေအထားလည်း ဖြစ်နေသည်။     ရီးယဲလ်မက်ဒရစ်အသင်းသည် ရိုဒရီအား မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် ကစားစဉ်ကလည်း စောင့်ကြည့်ခဲ့ဖူးပြီး ထိုအချိန်ကမူ အသင်းတွင် ကက်စီမီရို ရှိနေသဖြင့် လက်လွှတ်ခဲ့ခြင်းဖြစ်သည်။ 

ယခုအချိန်တွင်မူ မက်ဒရစ်သားကစားသမားကို မက်ဒရစ်မြို့သို့ ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ရိုဒရီကို ခေါ်ယူမည့် အသက်အရွယ်သည် ဇီဒန်းအား ဂျူဗင်တပ်စ်အသင်းထံမှ ခေါ်ယူစဉ်က အသက်အရွယ်လည်းဖြစ်သည်။ 

ရိုဒရီ၏ အေးဂျင့်ဖြစ်သူ ပါဘလိုဘာကေးရိုးသည် ရီးယဲလ်မက်ဒရစ်ဂန္ထဝင် ရာအူးလ်၏ အေးဂျင့်ဖြစ်သလို ရီးယဲလ်အသင်း၏ ထိပ်တန်းတာဝန်ရှိသူများနှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေး ရှိသူဖြစ်ကြောင်း သိရသည်။ 

 
 
 

Commentaires


pnf;urf;csufrsm;ESifh *drf;taMumif;rsm;udk tao;pdwff od&Sdvkdygu uRefrwdkY&JU    JDBKK    odkYtcsdefra&G;qufoG,far;jref;Edkifygw,f&Sif ?
(24) em&D0efaqmifrSK&Sdygw,f&Sif/

JDB
AG
UG
TEZ
WIN568
CQ9
SEXY.
JILI (1).
RSG
FC
KA
PG
JOKER
YB
NINEKG
PP (2)
MABU
YGG
ACEWIN
HRG
PS
FIVEG
FUNKY (3).webp
WONWON (2).webp
bottom of page